Monday, July 2, 2012

ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အင်္ဂလိပ်တို့ ဗိုလ်ချုပ်ကို ဘယ်လိုရှုမြင်ခဲ့ကြသလဲ

   မြန်မာတို့အပေါ် ဖက်ဆစ်စနစ်ဖြင့် ဗိုလ်ကျစိုးမိုးခဲ့သော ဂျပန်များ၊ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့ကာ ကျွန်ပြုခဲ့သော အင်္ဂလိပ်မျက်နှာဖြူတို့မှ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ပုံကို တင်ပြလိုပေသည်။
    ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးက...
    "အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်၊ သူသည် သတ္တိဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင် လည်း ဖြစ်သည်၊ မျိုးချစ်စိတ်လည်း ပြင်းထန်သည်၊ ထို့ကြောင့် ငါတို့ဂျပန်များသည် သူ့ကို လေးစားသည်။"
     ဂျပန်စစ်သေနာပတိ ဂျင်နရယ်အီဒါးက အစည်းအဝေးအပြီး၌ ဒေါက်တာဘမော်အား...

အိမ်ထောင်ဖက်ရွေးတဲ့အခါ ဘာတွေကို သတိထားရမှာလဲ

   တစ်မိသားနှင့် တစ်မိသား အချိန်တန်အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်ပေါင်း ဖက်ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။ ဤ၌ ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင် တစ်ခု ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့ လိုပါသည်။

ယောမင်းကြီးဦးဘိုးလှိုင်ရဲ့စိတ်ဓာတ် ဘယ်လိုရှိသလဲ

   ဦးဘိုးလှိုင်သည် ပြည်သူတို့ဘက်၌ ရပ်တည်၏။ ရာထူးစညိးစိမ်ကို မမက်မော။ မှန်သည်ထင်လျှင် ဘုရင်ကို ပင် ခွန်းတုံ့ပြန်ဖို့ ဝန်မလေးတတ်။
   တစ်ခါသော် သမီး၊ နှမ စသည်တို့ကို ပေးဆက်လျက် အခွင့်အရေးယူသူ အမှုထမ်းတစ်ဦးကို မင်းတုန်းမင်း ကြီးက လွန်စွာမှ မျက်နှာသာပေးတော်မူ၏။ သည့်အတွက် မသင့်တော်ကြောင်း မင်းတုန်းမင်းကြီးအား

နိုင်ငံရေးအပေါ် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုမြင်ခဲ့သလဲ

     ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်၍ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးကို ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပရာ ၂၀ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းသည် မိန့်ခွန်းပြောကြားခဲ့၏။ အဆိုပါမိန့်ခွန်း၌ ဗိုလ်ချုပ်အောင်ဆန်းမြင်သော နိုင်ငံရေးအဓိပ္ပါယ်အချို့ကို ကောက်နှုတ်တင်ပြလိုပါသည်။
       "နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင်လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်၏။
               နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာအချက်တွေလိုအပ်သလဲ

     ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်ဖို့ရာအတွက် အောက်ပါအချက်များ လိုအပ်ပါသည်။ ပြီးပြည့်စုံ သည်ဟု မဆိုလိုပါ။ အနိမ့်ဆုံး၊ အကြမ်းဖျဉ်းလိုအပ်ချက်များပင် ဖြစ်ပါသည်။

  ၁။ ကိုယ်ကျင့်တရား ကောင်းမွန်ရမည်။
  ၂။ ရိုးသားဖြောင့်မတ်ရမည်။
  ၃။ နိုးကြားတက်ကြွရမည်။
  ၄။ ဥပဒေကို လေးစားလိုက်နာရမည်။
  ၅။ စိတ်စေတနာကောင်း ထားရှိရမည်။
  ၆။ သတ္တိရှိရမည်။
  ၇။ ဇွဲကောင်းရမည်။
  ၈။ သစ္စာရှိရမည်။
  ၉။ အမြင်ကျယ်ရမည်။
၁၀။ သည်းခံနိုင်ရမည်။
၁၁။ အနစ်နာခံနိုင်ရမည်။
၁၂။ ခံနိုင်ရည်ရှိရမည်။
၁၃။ မိမိကိုယ်ကို ယုံကြည်ရမည်။
၁၄။ အများ၏ ချစ်ခင်လေးစားမှုကို ခံယူရရှိသူ ဖြစ်ရမည်။
၁၅။ ပရိယာယ်ကြွယ်ဝရမည်။
၁၆။ တီထွင်ကြံဆလုပ်ဆောင်တတ်ရမည်။
၁၇။ မိမိကိုယ်ကို အမြဲတိုးတက်အောင် ကြိုးစားနေရမည်။
၁၈။ ရင့်ကျက်မှုရှိရမည်။
၁၉။ တာဝန်ယူရဲသူ၊ တာဝန်ခံရဲသူ ဖြစ်ရမည်။
၂၀။ ထိန်းသိမ်းနိုင်စွမ်းရှိရမည်။
၂၁။ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသူဖြစ်ရမည်။
၂၂။ တာဝန်ကို ရိုသေ၍ အသိနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်ရမည်။
၂၃။ လုပ်ငန်းနှင့်အချိန် တိကျပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

                                                                                  (နန္ဒာမိုးကြယ်)