Monday, July 2, 2012

နိုင်ငံရေးအပေါ် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုမြင်ခဲ့သလဲ

     ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်၍ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးကို ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပရာ ၂၀ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းသည် မိန့်ခွန်းပြောကြားခဲ့၏။ အဆိုပါမိန့်ခွန်း၌ ဗိုလ်ချုပ်အောင်ဆန်းမြင်သော နိုင်ငံရေးအဓိပ္ပါယ်အချို့ကို ကောက်နှုတ်တင်ပြလိုပါသည်။
       "နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင်လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်၏။
               နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊
နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊  ကြောက်မက် ဖွယ်ကောင်းသော ကန္တာရခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်းမဟုတ်။ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသောအခြေပေါ်တွင် မျှော်ခေါ် ၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။
      နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စ ပင် ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။
                ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲ တစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကို ပင် လုပ်နေကြရပေသည်။
         လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။
       လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏။
       နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေး သမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာ ဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှု သည် 

No comments:

Post a Comment