ဦးဘိုးလှိုင်သည် ပြည်သူတို့ဘက်၌ ရပ်တည်၏။ ရာထူးစညိးစိမ်ကို မမက်မော။ မှန်သည်ထင်လျှင် ဘုရင်ကို ပင် ခွန်းတုံ့ပြန်ဖို့ ဝန်မလေးတတ်။
တစ်ခါသော် သမီး၊ နှမ စသည်တို့ကို ပေးဆက်လျက် အခွင့်အရေးယူသူ အမှုထမ်းတစ်ဦးကို မင်းတုန်းမင်း ကြီးက လွန်စွာမှ မျက်နှာသာပေးတော်မူ၏။ သည့်အတွက် မသင့်တော်ကြောင်း မင်းတုန်းမင်းကြီးအား
တင်လျှောက်ခဲ့၏။ သို့သော် မင်းတုန်းမင်းကြီးက အလေးအနက် မထားခဲ့။ သည့်အတွက် မှူးမတ်စုံညီတို့ ၏ ရှေ့မှောက်၌.....

"အစ်မ, နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ် မရှိ၊ သတိကင်းကွာ၊ ဘုန်းကြီးလှာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း"
...ဟူ၍ လျှောက်တင်လိုက်သည်။ ထိုအခါ မင်းတုန်းမင်းကြီးလည်း အမျက်ပြင်းစွာထွက်သဖြင့် လှံကို ကောက်ကိုင်လိုက်ကာ...
"သည်လှံနှင့် ငါ့ခမည်းတော် စီရင်၍ နင့်အဖေယင်းတောဝန်ကြီး သေခဲ့သည်မဟုတ်လော၊ သည်လှံနှင့် မောင်မင်းကို စီရင်ခြင်း ခံလိုသလော"
...ဟူ၍ မေးလိုက်သည်။ ထိုအခါ ဦးဘိုးလှိုင်သည် တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ...
"ထိုးတော်မူပါဘုရား"
...ဟု ဆို၍ ရင်ဘတ်ကိုပင် ကော့ပေးလိုက်သေး၏။ မင်းတုန်းမင်းကြီးလည်း စိတ်ကိုထိန်းချုပ်ကာ အတွင်းတော်သို့ ဝင်သွားသည်ဟူ၏။
ဤတွင် အခြားမှူးမတ်များက...
"ဝန်ကြီးမင်းမှာလည်း တင်းတင်းမာမာ ရဲပဲရဲလွန်းသဗျာ"
...ဟူ၍ ပြောကြလေ၏။ ထိုအခါ ဦးဘိုးလှိုင်က...
"ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်ခံရ၍ သေရခြင်းက မြတ်၏။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် မကောင်းမှု ဖြစ်ပွားနေသည့်အတွက် နိုင်ငံတော်ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါ လျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်း တို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်သည့် အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင် ကြရမည်။ သို့မှ မှူးမတ်နှင့် တူသည်"
...ဟူ၍ ပြန်လည်ပြောကြားခဲ့လေသည်။ ဤကား သမိုင်းတစ်ခေတ်ဆီမှ ယောမင်းကြီးဦးဘိုးလှိုင်၏ ရာဇဝင် တွင်ကျန်ရစ်ခဲ့လေသော အတုယူဖွယ် စိတ်ဓာတ်ပင် ဖြစ်တော့၏။
(နန္ဒာမိုးကြယ်)

လူများ စိတ်ဓါတ်တွေကိုဘဲ
ReplyDeleteစာတန်းထိုင်ပြုစုနေတော့မှာလား
ဟိဟိ