Monday, July 2, 2012

အိမ်ထောင်ဖက်ရွေးတဲ့အခါ ဘာတွေကို သတိထားရမှာလဲ

   တစ်မိသားနှင့် တစ်မိသား အချိန်တန်အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်ပေါင်း ဖက်ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။ ဤ၌ ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင် တစ်ခု ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့ လိုပါသည်။

၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်း ရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေး ရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်ပူ လျက် ရစေတော့ဟူသည် သီချင်းထဲမှာပဲ ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။ လူကောင်း သူကောင်းနှင့် ပေါင်းဖေါ်တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူ ဖြစ်ဖို့လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တကောင်းမွန် သူ ဖြစ်ရန်လည်း အရေးကြီးပါ၏။
   ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ 'ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ' ဟူသော ရှေးရိုး စဉ်လာ စကားလေးမှာလည်း မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။
   'ပါသုံးပါ' ဟူသည်
        ၁။ အကြွေးတွေ ပါလာသူ၊
        ၂။ ရောဂါဘယ ပါလာသူ၊
        ၃။ အပိုစားမည့်သူ ပါလာသူ၊
   'ချာသုံးချာ' ဟူသည်
        ၁။ ပညာအရည်အချင်း နုံချာသူ၊
        ၂။ အကျင့်စာရိတ္တ နုံချာသူ၊
        ၃။ အလုပ်အကိုင် နုံချာသူ၊
   'ကွာသုံးကွာ' ဟူသည်
        ၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
        ၂။ အယူဝါဒ မတူ ကွာခြားသူ၊
        ၃။ စိတ်သဘောမတူ ကွာခြားသူတို့ ဖြစ်ကြသည်။
   ရှေးလူကြီးသူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးများ သည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ၍ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိကြသည်ဟု ဆိုသည်။    ။

                                                                                                           (နန္ဒာမိုးကြယ်)

1 comment:

;;-) :-/ :-* =(( :-O X( :7 B-) :-S #:-S 7:) ( ) /:) =)) O:-) :-B =; :-c ] ~X( :-h :-t 8-7 I-) 8-| L-) :-a :-$ [-( :O) 8-} 2:-P (:| =P~ #-o =D7 :-SS @-) :^o :-w 7:P 2):) X_X :!! \m/ :-q :-bd ^#(^ :ar!
  1. အဲဒီအချက်တွေ
    အားလုံးကိုက်ညီဘို့ဆိုရင်တော.
    အိမ်ထောင်ကျဘို့ ကိန်းနီးကီးပီ..
    ဟိဟိ

    ReplyDelete