မြန်မာဟူသည်၊ ကိုယ့်တိုင်းပြည်ကို
ချစ်ကြည်လေးမြတ်၊ သက်နှင်းအပ်လျက်
ပေးဆပ်ဝံ့ရဲ၊ ခိုင်မာဇွဲနှင့်
မလှဲ အလံ၊ လှေခွက်ကျန်လည်း
ရန်ကိုဖျက်ချိုး၊ အားမာန်နှိုးသည်
အမျိုးချစ်စိတ်နှင့်သာတကား။
မြန်မာဟူသည်၊ ဖြောင့်မတ်သည်တည့်
ဉာဏ်နီဉာဏ်နက်၊ သူ့ဂုဏ်ပျက်အောင်
သက်သက်မာန်ကြွ၊ ရန်မစလည်း
သူက ထိပါး၊ ပုတ်ခတ်ငြားသော်
စကားတစ်လုံး၊ ဓားတစ်နှုန်းသို့
အားသုံးအမှန်၊ ခွန်းတုံ့ပြန်မည်
နိုင်ငံချစ်စိတ်နှင့်သာတကား။
အို .... သိလော့အဆွေ၊ သိပါလေ
တို့မြေ တို့ပိုင်၊ တို့သာ ဆိုင်သည်
တို့နိုင်ငံရိပ်၊ တို့မှေးမှိတ်၏
သူ့ရိပ်မမျှော်၊ သူ့ပေါ်မကျူး
သူက ကျူးလည်း၊ ကျူးသူကိုချ
သုတ်သင်ကြလိမ့်။
မြန်မာ့မြေပုံ၊ အရေးကြုံသော်
သွေးဆုံပေါင်းကာ၊ သောင်းသောင်းငြာမျှ
ခွာသံပြင်းပြင်း၊ ရွှေဘိုမြင်းလည်း
ခုန်ဆင်း၍လျှင်၊ အသက်ဝင်ကာ
ရာဇဝင်ထဲက၊ သူ နိုးထလျက်
မြန်မာ့ရှေ့မှောက်၊ ရုတ်ခြည်းရောက်လိမ့်
ရွံ့ကြောက်မဲ့ရှောင်း၊ ရှေးဖြစ်ဟောင်းလည်း
ထပ်လောင်းသစ်သစ်၊ ရင်မှာဖြစ်လျက်
မျိုးချစ်ဇာနည် မြန်မာ့ဂုဏ်ရည်။
တို့ရင်ထဲက ဆေးပန်းချီ။
စုတ်ချက် သစ်လွင်နေဦးမည်။ ။
မြင်းမူမောင်နိုင်မိုး
ချစ်ကြည်လေးမြတ်၊ သက်နှင်းအပ်လျက်
ပေးဆပ်ဝံ့ရဲ၊ ခိုင်မာဇွဲနှင့်
မလှဲ အလံ၊ လှေခွက်ကျန်လည်း
ရန်ကိုဖျက်ချိုး၊ အားမာန်နှိုးသည်
အမျိုးချစ်စိတ်နှင့်သာတကား။
မြန်မာဟူသည်၊ ဖြောင့်မတ်သည်တည့်
ဉာဏ်နီဉာဏ်နက်၊ သူ့ဂုဏ်ပျက်အောင်
သက်သက်မာန်ကြွ၊ ရန်မစလည်း
သူက ထိပါး၊ ပုတ်ခတ်ငြားသော်
စကားတစ်လုံး၊ ဓားတစ်နှုန်းသို့
အားသုံးအမှန်၊ ခွန်းတုံ့ပြန်မည်
နိုင်ငံချစ်စိတ်နှင့်သာတကား။
အို .... သိလော့အဆွေ၊ သိပါလေ
တို့မြေ တို့ပိုင်၊ တို့သာ ဆိုင်သည်
တို့နိုင်ငံရိပ်၊ တို့မှေးမှိတ်၏
သူ့ရိပ်မမျှော်၊ သူ့ပေါ်မကျူး
သူက ကျူးလည်း၊ ကျူးသူကိုချ
သုတ်သင်ကြလိမ့်။
မြန်မာ့မြေပုံ၊ အရေးကြုံသော်
သွေးဆုံပေါင်းကာ၊ သောင်းသောင်းငြာမျှ
ခွာသံပြင်းပြင်း၊ ရွှေဘိုမြင်းလည်း
ခုန်ဆင်း၍လျှင်၊ အသက်ဝင်ကာ
ရာဇဝင်ထဲက၊ သူ နိုးထလျက်
မြန်မာ့ရှေ့မှောက်၊ ရုတ်ခြည်းရောက်လိမ့်
ရွံ့ကြောက်မဲ့ရှောင်း၊ ရှေးဖြစ်ဟောင်းလည်း
ထပ်လောင်းသစ်သစ်၊ ရင်မှာဖြစ်လျက်
မျိုးချစ်ဇာနည် မြန်မာ့ဂုဏ်ရည်။
တို့ရင်ထဲက ဆေးပန်းချီ။
စုတ်ချက် သစ်လွင်နေဦးမည်။ ။
မြင်းမူမောင်နိုင်မိုး
No comments:
Post a Comment