သင်္ကြန်အခါရက်ပြီး၍ ရုံးပြန်ဖွင့်သောနေ့ ဖြစ်သည်။ စကားပြောမြန်သော ဆရာကြီးနှင့် နားလေး၍ အရက်ကြိုက်တတ်သူ တပည့်တို့ တွေ့ကြ၏။ ဆရာကြီးက မေးသည်။
"မင်း အခါတွင်းမှာ ဥပုသ်ရလိုက်သေးလား"
တပည့်က ဖြေသည်။
"ကျွန်တော် အရက်မသောက်ပါဘူး ဆရာကြီး"
ဆရာကြီး ဒေါပွသွားသည်။ အသံကို မြှင့်၍ ကျယ်လောင်စွာ ပြောသည်။
"ငါက ဥပုသ်စောင့်ဖြစ်သလားလို့ မေးတာကွ"
တပည့်က ဖြေသည်။
"ကျွန်တော် မှားရင် ခွင့်လွှတ်ပါ ဆရာကြီး"
အပြောတလွဲ အကြားတလွဲဖြစ်နေသော တပည့်ကိုကြည့်ကာ ဆရာကြီးအော်ပြောလိုက်သော စကားကြောင့် ရုံးသူရုံးသားများ ပွဲကျသွားသည်။
"မင်း မမှားဘူးဟေ့၊ ငါ မှားတာ.....ငါ မှားတာ"
မောင်ဟာသ

No comments:
Post a Comment