မြန်မာနိုင်ငံ
သယံဇာတ၊ ပေါများလှ၍
ဓနပြည့်ဖြိုး၊ စည်ပင်တိုး၏။
မြန်မာလူမျိုး
ရိုးဖြောင့်တည်ကြည်၊ ရဲစွမ်းညီ၍
ရည်မွန်ပြည့်ဝ၊ နှလုံးလှ၏။
မြန်မာ့ရိုးရာ
စာပေဂီတ၊ ဂုဏ်ရသနှင့်
လှပကွန့်မြူး၊ အသွင်ထူး၏။
လဝန်းဘေးနံ၊ ကြယ်ပေါင်းရံသို့
နိုင်ငံ လူမျိုး၊ လွန်မြတ်နိုး၏။
ရိုးရာအမွေ၊ နှစ်သက်ပေ၏။
အခြေတင့်တင့်၊ အနေမြင့်ဖို့
သက်နှင့်ခန္ဓာ၊ မကွာသရွေ့
ချမ်းမြေ့စေရည်၊ စောင့်ထိန်းမည်
တည်ကြည်သစ္စာဆိုပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)
သယံဇာတ၊ ပေါများလှ၍
ဓနပြည့်ဖြိုး၊ စည်ပင်တိုး၏။
မြန်မာလူမျိုး
ရိုးဖြောင့်တည်ကြည်၊ ရဲစွမ်းညီ၍
ရည်မွန်ပြည့်ဝ၊ နှလုံးလှ၏။
မြန်မာ့ရိုးရာ
စာပေဂီတ၊ ဂုဏ်ရသနှင့်
လှပကွန့်မြူး၊ အသွင်ထူး၏။
လဝန်းဘေးနံ၊ ကြယ်ပေါင်းရံသို့
နိုင်ငံ လူမျိုး၊ လွန်မြတ်နိုး၏။
ရိုးရာအမွေ၊ နှစ်သက်ပေ၏။
အခြေတင့်တင့်၊ အနေမြင့်ဖို့
သက်နှင့်ခန္ဓာ၊ မကွာသရွေ့
ချမ်းမြေ့စေရည်၊ စောင့်ထိန်းမည်
တည်ကြည်သစ္စာဆိုပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)
No comments:
Post a Comment